အမျိုးသမီးလိင်ပိုင်းဆိုင်ရာပြဿနာများ
24-Feb-2017
အမျိုးသားများမှာ လိင်ဆက်ဆံနိုင်ဖို့ လိင်တံတောင့်တင်းမှုမျိုးလို ခန္ဓာကိုယ်ပြောင်းလဲမှုတွေ ဖြစ်ပျက်စေရပါတယ်။ အမျိုးသမီးများကျတော့ ဒီလိုထူးခြားတဲ့ အဆင်သင့်ပြင်ဆင်မှုမျိုး မရှိပါဘူး။ ဒါကြောင့် အမျိုးသမီးတို့မှာ အတွေ့ရများတာက လိင်ဆက်ဆံဖို့ စိတ်မပါခြင်း၊ လိင်စိတ်ထကြွမှုမရှိခြင်းနှင့် လိင်ဆက်ဆံစဉ် နာကျင်မှာ ကြောက်ရွံ့ခြင်း စတာတွေမှာ အရင်းခံတတ်ပါတယ်။
လိင်ဆက်ဆံဖို့ စိတ်မပါခြင်းမှာ အဓိကအားဖြင့် လိင်ဆက်ဆံဖက်အပေါ် မနှစ်မြို့ခြင်းပါ။ ဘဝဆိုင်ရာ စိတ်ဖိစီးမှုများနေခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ အသက်အရွယ်ရလာလို့ ဓမ္မတာသွေးဆုံးချိန်မှာ လိင်ဆိုင်ရာထိန်းညှိဓာတ်တွေ လျော့ကျသွားတဲ့အတွက်လည်း ဖြစ်တတ်ပါတယ်။ လိင်ဆက်ဆံရာလမ်း ကြောင်းတစ်လျှောက် အကျိအချွဲနည်းပါးနေခြင်းကြောင့် လိင်စိတ်ထကြွမှု လျော့နည်းခြင်း၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်းဖြစ်တတ်ပါတယ်။
လည်ပင်းအကျိတ် လုပ်ငန်းလုပ်ဆောင်မှု အားနည်းလာတဲ့အခါ ကိုယ်တွင်းဓာတုဖြစ်ပျက်မှု နှေးကွေးလာပြီး စိတ်ဓာတ်တက်ကြွမှု မရှိတော့ဘဲ လိင်ဆက်ဆံလိုစိတ်ပါ ပျောက်ဆုံးနေတတ်ပါတယ်။ အမျိုးသမီးများ လိင်ဆက်ဆံရာတွင် အထွဋ်အထိပ် မရရှိခြင်းကတော့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်ထက် လုံလုံလောက်လောက် လိင်စိတ်ထကြွအောင် မလှုံ့ဆော်ခံရလို့ အဖြစ်များပါတယ်။
Healthcare.com.mm
Ref:
ဒေါက်တာမြင့်သန်း (သန္ဓေသား)
Health for all magazine, June 2013, Pg.136
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
